MNP - မတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ နွေရာသီ အားကစားသင်တန်းများကို မြို့နယ်အားကစားခန်းမနှင့် ဘောလုံးကွင်းတို့၌ မတ် ၂၄ ရက်မှ ဧပြီ ၆ ရက်နေ့အထိ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသားလူငယ်များ အားကစားကို စိတ်ဝင်စားပြီးအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ကျန်းမာကြံ့ခိုင်သော နိုင်ငံဂုဏ်ဆောင် အားကစားသမားများအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့ရိုးရာသိုင်းနှင့် အေရိုးဗစ်စသည် အားကစားနည်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁၂၀ ဦး တက်ရောက် လျက်ရှိကြောင်း မြို့နယ် အားကစားမှူး ဒေါ်နီလာဝင်းထံမှ သိရသည်။
သတင်း - အေးအေးဆင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment