မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်




MNP  -  မတ်   ၃၀

မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

၂၀၂၂ခုနှစ်  မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ အ.ထ.က(၁)ရှိ ဒက္ခိဏစာစစ်ဌာန၊ ဥတ္တရစာစစ်ဌာန၊ အ.ထ.(၂)စာစစ်ဌာန၊ အ.ထ.က(၃) စာစစ်ဌာန၊ အ.ထ.က(၄)စာစစ်ဌာန၊ အ.ထ.က(၅)စာစစ်ဌာန (၁) (၂)၊ အ.ထ.က(၆) စာစစ်ဌာန၊ အ.ထ.က (ညောင်ကိုင်း)စာစစ်ဌာန၊ အ.ထ.က(တောမ)စာစစ်ဌာန၊ အ.ထ.က (အလည်ရွာ)စာစစ်ဌာန၊ အ.ထ.က(ရေချို) စာစစ်ဌာန၊ အ.ထ.က(ရေဝေ)စာစစ်ဌာန၊ အ.ထ.က(ခွဲ) အောင်ဇေယျာစာစစ်ဌာနနှင့် အ.လ.က (၂)စာစစ်ဌာန စသည့် စာစစ်ဌာန(၁၅)ခုဖြင့် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါစာစစ်ဌာနများတွင် ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆို နိုင်ရေး ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနေစဉ်အတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွား စေရေး စာစစ်ဌာနများသို့ မတ်လ ၂၃ ရက်နေ့မှ စတင်၍  နေ့စဉ်ကွင်းဆင် ၍ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ကျောင်းတွင်းမီးဘေး အန္တရာယ်ကင်းရှင်းရေး၊ မီးသတ်ဆေးဗူးများထားရှိခြင်းရှိမရှိနှင့် ထားရှိပါက သုံးစွဲနိုင်မှုအခြေအနေများ၊ ရေစင်ရေအုတ်ကန်များအတွင်း ရေလုံလောက်စွာထားရှိရေး၊ စာသင်ခန်းအတွင်း လျှပ်စစ်မီးသွယ်တန်းကြိုးများနှင့် မိန်းခုံများ ကောင်းမကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား အကြံပြုချက်များပေးပို့ဆောင်ရွက်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

သတင်း - သိန်းမြင့်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)