ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် စစ်တုရင်ပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် စစ်တုရင်ပြိုင်ပွဲ ကျင်းပ

 



MNP  -   မတ်   ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

စစ်တုရင်ပြိုင်ပွဲတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ‌ဒေါ်စိုးစိုးက နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကာယဉာဏဖွံ့ဖြိုးစေရန်၊ သင်္ချာအတွေး စွမ်းရည် မြင့်မားလာစေရန်အတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေးအတွက် စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို လေ့ကျင့်ပျိုး ထောင်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါစစ်တုရင်ပြိုင်ပွဲတွင်  ဘားအံမြို့နယ် စစ်တုရင်အားကစား ဆပ်ကော်မတီမှ တာတန်ရှိသူ များက ဒိုင်များအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကိုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)