ရမည်းသင်းခရိုင်၌ ကျောင်းသား၊ ကျောင်းသူ၊လူငယ်များ ကျန်းမာကြံခိုင်စေရေး နွေရာသီအားကစားသင်တန်းများဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းခရိုင်၌ ကျောင်းသား၊ ကျောင်းသူ၊လူငယ်များ ကျန်းမာကြံခိုင်စေရေး နွေရာသီအားကစားသင်တန်းများဖွင့်လှစ်




MNP - မတ်    ၃၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ရမည်းသင်းခရိုင် ပြည်သူ့အားကစားကွင်းရှိ အားကစား ခန်းမ၊ ရမည်းသင်းမြို့နယ် ဗျဉ်ကပ်ကျေးရွာ အလယ်တန်းကျောင်းနှင့် ပျော်ဘွယ်မြို့နယ် အရှေ့လျော်ဖြူကုန်း အလယ်တန်း ကျောင်းတို့တွင် အားကစားနည်းများအလိုက် မတ်လ ၂၅ ရက် မှ ဧပြီ ၆ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အားကစားသင်တန်းဖွင့်လှစ်ပေးခြင်းဖြင့်  လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းအားလပ်ချိန်တွင် အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊ အားကစားအပေါ် စိတ်ပါဝင်စားလာခြင်း၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာ စေခြင်း၊ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များအား စနစ်တကျ တက်မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ်၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းတွင် မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံး၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ အေရိုးဗစ်နှင့် Myanmar Fitness Drance စသည့် အားကစားနည်း(၇)မျိုးကို ကျွမ်းကျင်နည်းပြများဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အားကစားသမားများအနေဖြင့် မိမိတို့နှစ်သက်ရာ အားကစားနည်းများအလိုက် သင်ကြားလျက်ရှိပြီး စုစုပေါင်းအားကစား သင်တန်းသား၊ သင်တန်းသူ(၃၀၃)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်

သတင်း - ဇော်ဝင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)