ကော့သောင်းမြို့၌ အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့၌ အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ




MNP - မတ်    ၃၀

လူငယ်များအသိပညာမြှင့်မားလာစေရန်ရွယ်ကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ယဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လူငယ်ရေး ရာအသိပညာပေးဟောပြောပွဲတစ်ရပ်ကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကော့သောင်းယဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် သတိပြုလိုက်နာရမည့် အချက်များကို အသိပညာပေးဟောပြော သည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သက်ဦးက  သင်တန်းသူများအား ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာရပ်အမျိုးမျိုးကို လူငယ်ဘဝ ပညာသင်အရွယ်မှစ၍ ရည်မှန်းချက်ထားရှိပြီး ကြိုးစား သင့်ပုံ၊ စာတတ်ဖို့သာမက မိမိတို့ဘဝတစ်လျှောက် လူမှုကျင့်ဝတ်များနှင့် အညီနေထိုင်ကာ အကျင့်စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်အောင် ပေါင်းသင်းဆက်ဆံသင့်ပုံများအား လည်းကောင်း အသိပညာဗဟုသုတနှင့်ပြည့်စုံအောင် စာအုပ်စာပေများ ရှာဖွေဖတ်ရှုသင့်ပုံများနှင့် မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာ အကြောင်းအရာများနှင့် လူငယ်များ လူမှုကွန်ယစ်၊ ဆိုရှယ်မီဒီယာသုံးစွဲရာတွင် သတိပြုရမည့် အချက်များနှင့် စဉ်းစားချင့်ချိန်နိုင်မှုစွမ်းအား ဆိုင်ရာများကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - ကျော်စိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)