တာတမံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာတမံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး


MNP - မတ်    ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဧရာဝတီ ဟင်္သာတတာ တာမိုင် ၂၈/၀ - ၂၈/၆ အတွင်း တာတမံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအားမြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကြည့်ရူ့စစ်ဆေးရာတွင် ၂၀၂၁ - ၂၀၂၂ ခု (mini)ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဇလွန်မြို့နယ် ဧရာဝတီ ဟင်္သာတတာ တာမိုင် ၂၈/၀ - ၂၈/၆ အတွင်း တာတမံပြုပြင်ခြင်း လုပ်ငန်းကို တင်ဒါအောင်မြင်သည့် G.Q ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်သည့် တာတမံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရူ့စစ်ဆေးခဲ့ပြီး ဇလွန်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆယ်မောင်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ တာတမံပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည့် ဇလွန်မြို့နယ် ဧရာဝတီ ဟင်္သာတတာ တာမိုင်၂၈/၀ - ၂၈/၆ သည် အလျား(၃၉၆၀)ပေရှိပြီး လယ်မြေဧက (၃၆၆၀၀)ဧကအား ရေဘေးအန္တရာယ် ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဇလွန်မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဆယ်မောင်၏ ပြောကြားချက်အရသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)