ကျောက်ဖြူမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း ၂၀၀၀၀ ကို ဇွန်လတွင် အခမဲ့ဖြန့်ဝေ ပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း ၂၀၀၀၀ ကို ဇွန်လတွင် အခမဲ့ဖြန့်ဝေ ပေးမည်

 


MNP - မတ်    ၄

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကျောက်ဖြူမြို့နယ် သစ်တော ဦးစီးဌာနရုံးဝင်းရှိ  မြို့မ-ယာယီပျိုး ဥယျာဉ်တွင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း (၂၀၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင် ထားရှိကြောင်းနှင့် လာမည့် မိုးရာသီဇွန်လတွင် မြို့နယ် အတွင်း စိုက်ပျိုးနိုင်ရေး အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရာသီဥတုကောင်းမွန်မျှတစေရေး ဒေသတွင်းစိမ်းလန်းစိုပြည်ရေးအတွက် လာမည့်မိုးဦးရာသီတွင် သစ်ပင်များ စိုက်ပျိုးရန် ကျောက်ဖြူ မြို့နယ်သစ်တော ဦးစီးဌာနရုံးရှိ မြို့မ-ယာယီပျိုးဥယျာဉ်တွင် ကျွန်း(၆၅၀၀)ပင်၊ မန်ဂျန်ရှား(၁၁၅၀၀)ပင်၊ ပင်လယ်ကဗွီး(၁၀၀၀)ပင်၊ မယ်ဇလီ(၁၀၀၀)ပင် စသည့် ပျိုး ပင်ပေါင်း(၂၀၀၀၀)အား  ပျိုးထောင်ထားရှိကြောင်းနှင့် အဆိုပါ ပျိုးထောင် ထားရှိသော ပျိုးပင်များကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ မြေများ၊ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လမ်းဘေးဝဲယာများနှင့် စိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရေးအတွက် ဇွန်လမြေ အစိုဓာတ်ရရှိချိန်တွင် အခမဲ့ဖြန့်ဝေပေးမည် ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးမှူးထံမှ သိရသည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)