စစ်တွေလူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေလူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပ

 




MNP ၊ မတ်၂၉

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊မူလတန်းကျောင်း၌ ယနေ့နေ့လည်(၁၃၀၀)ချိန်က ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မူကြိုကလေးငယ်များက တေးသရုပ်ဖော်သီချင်းကကွက်မျိုးစုံဖြင့်ကပြဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ မကြာခင်KGအဆင့်သို့တက်ရောက်ရတော့မည့်ကျောင်းသားကျောင်းသူလေးများအား‌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းအခမ်းအနားကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန မှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်၊လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်လှလှရီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ‌လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ယုယုနွယ်၊ မူလတန်းကြို‌ကျောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်မိုင်သန္တာထွန်းတို့က အသီးသီးဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသတင်းရရှိသည်။

          

သတင်း - ဇူလိုင်ကြယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)