ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 


MNP - မတ်    ၂၉

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မှီတိုးတက်သော နိုင်ငံ ဖြစ်စေရန်အတွက် နိုင်ငံတော်အစိုးရက ဘက်စုံကဏ္ဍစုံ ဆောင်ရွက်နေချိန်တွင် ပြည်နယ်၏ ဆောင်ရွက်ချက်များသည်လည်း အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြည်နယ်နှင့် ပြည်သူများ အကျိုးအတွက် ကျရာအခန်းကဏ္ဍမှနေ၍ ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့သူများအား စီမံခန့်ခွဲရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုများ အဆင့်အလိုက်သတ်မှတ်ပြီး စုစုပေါင်း (၅၆) ဦးကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံဖြင့် ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ လူမှုရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း၍ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အဆင့် ဂုဏ်ထူးဆောင် ဆုရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုဇင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)