MNP - မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လေပြင်းဘေး ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က တဇင်ရေကျော်ကျေးရွာ အုပ်စု၌ ကျင်းပခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မိုးဦးကာလများဖြစ်သည့် ဧပြီလနှင့် မေလများ၌ နှစ်စဉ်ဖြစ်ပွား လျက်ရှိသော လေပြင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာအသိုက် အဝန်း တစ်ခုဖြစ်စေရန် ရည်ရွယ်၍ လေပြင်းဘေး ကြိုတင်ပြင်ဆင်နိုင်ရေး အိုးအိမ်များပြင်ဆင် မွမ်းမံနိုင်ရန်အတွက် တဇင်ရေကျော်ကျေးရွာအုပ်စုရှိ အိမ်ခြေတစ်လုံးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် နေအိမ် ၁၀၀ လုံးအတွက် စုစုပေါင်းငွေကျပ် (၃၀၀၀၀၀၀) တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဝါး၊ ဓနိ စသည့် အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ ပေးအပ်ခဲ့သည်။
သတင်း - ထက်ဝေဖြိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment