ယူကရိန်းနိုင်ငံရှိ နျူကလီယား စက်ရုံများ ဘေးကင်းရေးအတွက် ပူးတွဲကြိုးပမ်းအားထုတ်ရန် တရုတ်သံတမန် တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းနိုင်ငံရှိ နျူကလီယား စက်ရုံများ ဘေးကင်းရေးအတွက် ပူးတွဲကြိုးပမ်းအားထုတ်ရန် တရုတ်သံတမန် တောင်းဆို


ကုလသမဂ္ဂ ၊ မတ် ၅

ယူကရိန်းနိုင်ငံတွင်းရှိ ဆက်စပ်သောနျူကလီးယားစက်ရုံများ ဘေးကင်းစေရန်အတွက် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏အကူအညီဖြင့် အတူတကွ သတိရှိရှိ ပြုမူဆောင်ရွက်ရန် တရုတ်နိုင်ငံ သံတမန်က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်း၌  နောက်ဆုံးဖြစ်ပေါ်နေမှုများအား တရုတ်နိုင်ငံက အနီးကပ် အာရုံစိုက်လျက်ရှိပြီး  Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် ဆက်စပ်သော အစီရင်ခံစာများအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်းကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်းက ပြောကြားခဲ့သည်။

နျူကလီးယားဓာတ်အားပေးစက်ရုံ၏ အဓိကကျသောစက်ပစ္စည်းများသည် မပျက်မစီးပကတိအတိုင်းရှိကြောင်း နှင့် ရေဒီယိုသတ္တိကြွမှုအဆင့်မှာလည်း ပြောင်းလဲမှုမရှိကြောင်း ယူကရိန်းနျူကလီးယားအာဏာပိုင်ထံမှ IAEA က လက်ခံရရှိသည့်အချက်အလက်များအရ သိရသည်။ 

နျူကလီးယားအရေးနှင့်  ပတ်သက်၍ ရုရှားမှ ထုတ်ပြန်သည့် အချက်အလက်များနှင့် ရှင်းလင်းချက်များကို တရုတ်နိုင်ငံက မှတ်သားထားကြောင်း  Zhang က လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းသည် ရှုပ်ထွေးသော အပြောင်းအလဲများအား ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အရေးကြီးဆုံးအရာမှာ တင်းမာမှုများအား ဖြေလျှော့ရန်၊ အရပ်သားများ သေဆုံးဒဏ်ရာရမှုများအားရှောင်ရှားရန်၊  သံတမန်ရေးရာ ကြိုးပမ်းမှုများအား  အရှိန်မြှင့်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံရေး အခြေကျမှုလမ်းကြောင်းကို အမြန်ဆုံး ပြန်ရောက်ရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းတို့သည် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများနှင့် စေ့စပ်ညှိနှိုင်းမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းအား  ပြင်ဆင်ဆောင်ရွက်ရန် ပဏာမသဘောတူညီချက်ကို ရရှိခဲ့ပြီးဖြစ်သည်။ယင်းအချက်အား တရုတ်နိုင်ငံအနေဖြင့် ကြိုဆိုကြောင်းနှင့် အရပ်သားများအား ပိုမိုကောင်းမွန်စွာ အာကာအကွယ်ပေးရန် တရုတ် နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားအားလုံးကို ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ရန် မျှော်လင့်ကြောင်း ကျန်းက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံအနေဖြင့်  နိုင်ငံရေးအရ အခြေကျမှုရစေမည့် သံတမန်ရေးရာ ကြိုးပမ်းမှုအားလုံးကို ကြိုဆိုလိုက်ကြောင်းနှင့် ပြသနာများပြီးဆုံးသည်အထိ  အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း ၎င်းင ်းကဆိုသည်။ 

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်  ခေါင်းအေးအေးထား၍ ကျိုးကြောင်းသင့်လျော်စွာ ရပ်တည်သင့်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကြား တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုများအတွက် ဘက်မလိုက်သော  ဦးတည်ချက်မှန်ကန်သည့် ကောင်းမွန်သော အခြေအနေများ သက်ဆိုင်သည့် နှစ်ဘက်အဖွဲ့အစည်းအကြား တိုက်ရိုက်ညှိနှိုင်းနိုင်မည့် အခြေအနေများ ဖန်တီးနိုင်ပေးရန်  တာဝန်ရှိကြောင်း ကျန်းက ဆိုသည်။


Ref : ဆင်ဟွာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)