ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ကြံသီးနှံဧက နှစ်သောင်းကျော် စိုက်ပျိုးထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ကြံသီးနှံဧက နှစ်သောင်းကျော် စိုက်ပျိုးထားရှိ



MNP - မတ်    ၃၀

မြန်မာနိုင်ငံတွင် ကြံသီးနှံစိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးသည့် တိုင်းဒေသကြီးများတွင် ပဲခူးတိုင်းဒေသကြီးသည်လည်း ကြံ အများဆုံးထုတ်လုပ်နိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည်။ထို့အတူ ပေါက်ခေါင်းမြို့နယ်သည်လည်း နှစ်စဉ်ကြံသီးနှံဧက နှစ်သောင်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ယခု ၂၀၂၂ ခုနှစ်တွင်လည်း ကြံသီးနှံ (၂၀၄၄၅) ဧကကို  စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကြံသီးနှံကို ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် စတင် စိုက်ပျိုးကြသည်။ ဒီဇင်ဘာလတွင် ခုတ်သိမ်းနိုင်ပြီး အင်ငါးခွ သကြားစက်၊ နဝဒေးသကြားစက်ရုံများသို့ တင်ပို့ရောင်းချရသည်။ ကြံတစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် သင့်တော်သောအချိန် ရာသီမီ စိုက်ပျိုးနိုင်ရေးနှင့်  ကြံမျိုးကောင်းအထွက်ကောင်းမျိုး အသုံးပြုရေး၊ လမိုင်းခင်းများကိုလည်း သေချာစနစ်တကျ ပြုပြင် ထားရှိခြင်းနှင့် ကြံမျိုးကောင်းယှဉ်  ပြိုင်စမ်းသပ်ခြင်းအဖြစ် နေပြည်တော်(၁) K2000/89 ၊ DAR -4၊KK-3 ၊ KPs-94/ 13  မျိုး(၂)ဧကကို မျိုးယှဉ်ပြိုင်စိုက်ပျိုးထား‌ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကြံအထွက်နှုန်း တိုးတက်ရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျသုံးစွဲဖို့နဲ့ အပင်ကြီးထွားချိန် ပိုးမွှားကျရောက်လာပါက ကာကွယ် နှိမ်နင်းခြင်းနှင့် နည်းပညာပေးကူညီပံ့ပိုးပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ ကြံသီးနှံစိုက်တောင်သူများ အတွက် ယူရီးယားဓာတ်မြေဩဇာ   အိတ် (၁၇၀၀) ကျော်ကို တောင်သူများထံသို့ဖြန့်ဝေပေးရန် ရာထားစီစဉ် ဆောင်ရွက် ထားရှိကြောင်း သိရသည်။ ထို့အတူ ကြံသီးနှံစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ကြံတစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ထုတ်ချေးပေးထားကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)