MNP - မတ် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေး မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့မဈေးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အများပြည်သူများအနေဖြင့် မီးလောင်မှုဖြစ်ပွားလာပါက ကိုယ်တိုင်ဆောင်ရွက်နိုင်ရေးအတွက် သရုပ်ပြလေ့ကျင့် ဆောင်ရွက်ပေးရာ တက်ရောက်လာကြသည့် ဝန်ထမ်းများ ပူးပေါင်းသရုပ်ပြ လေ့ကျင့်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူနှင့် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးဇော်နိုင်ဝင်းတို့က ဈေးတွင်းရှိလိုင်းခန်းများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်လံစစ်ဆေး အကြံပြုခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးသရုပ်ပြပွဲသို့ မီးသတ်ကား(၅)စီးနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးပတ်လည်အတွင်းသို့ ရေများ ပက်ဖြန်းသရုပ်ပြခဲ့ကြပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်ဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များစုပေါင်း တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်း - မြင့်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment