ရွှေတောင် မြို့နယ်တွင် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင် မြို့နယ်တွင် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေး

 


MNP -  မတ်    ၃၀

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊  ရွှေတောင်မြို့နယ်တွင် ၂၀၂၂ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ကိုဗစ်-၁၉ ညွှန်ကြားချက် များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ ယဉ်ကျေးမှုဓလေ့ထုံးစံများ နှင့်အညီ ရွှေတောင်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာများမှ ပေါင်းစပ် ပါဝင်ဆောင်ရွက်နိုင်ရေး တို့ကိုပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများအေးချမ်းစွာ ပါဝင်ဆင်နွှဲနိုင်ရေး၊ ဗဟိုမဏ္ဍပ် တည်ဆောက်မည့် အစီအစဉ်၊ သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များရရှိရေးနှင့် အခမ်းအနားပြင်ဆင် ဆောင်ရွက်နိုင်ရေးတို့ကို သက်ဆိုင်ရာ ကော်မတီများအလိုက် ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

သတင်း - ကိုကိုမင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)