ပြည်မြို့၌ နွေရာသီဘတ်စကက်ဘော သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့၌ နွေရာသီဘတ်စကက်ဘော သင်တန်းဖွင့်လှစ်



MNP - မတ်    ၃၀

ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့၊ ယဉ်ကျေးမှု ကဇာတ်ရုံ၌ နွေရာသီဘတ်စကက်ဘော သင်တန်းဖွင့်လှစ်၍ အခြေခံပညာကျောင်းသား၊ ကျောင်သူများအား ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ဧပြီ ၆ရက်နေ့အထိ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းနှစ်ပိုင်းခွဲ၍ သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးကို အခြေခံ ဘတ်စကက်ဘောမှစ၍ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ဘတ်စကက်ဘော အားကစားသမားကောင်းများ ဖြစ်လာအောင်သင်ကြား ပို့ချပေးလျက်ရှိကြောင်း နည်းပြဆရာ ဦးပိုက်ထွေးက ပြောသည်။

အဆိုပါသင်တန်းကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံကျောင်းသား ကျောင်းသူ များအား ကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တစွမ်းရည်များ ဖွံဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

သတင်း - ကိုစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)