MNP - မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ပန်းတနော်-ရွှေလောင်း-ဝါးခယ်မလမ်း၊ မြို့အဝင်ဂိတ်၊ ကျွန်းကုန်း-ဝါးခယ်မလမ်း၊ ရွှေခယ်ဧရာကားဂိတ်၊ ဝါးခယ်မ-ကျုံမငေးလမ်း၊ ဝါးခယ်မ-မော်ကျွန်းလမ်းတို့တွင် အမှိုက်ကင်းစင်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှု ကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှိုက်ကင်းစင်ရေးကွင်းဆင်း စစ်ဆေးဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ကျေးလက်လမ်းဦးစီးဌာန ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လမ်းဘေးဝဲယာတစ်လျှောက် အမှိုက်များကောက်ခြင်း၊ ယာဉ်ပေါ်ပါ အမှိုက်များစည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်းများကို အသိပညာပေးဆောင်ရွက်ခြင်း၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာအဖွဲ့က အသိပေးကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများကို လမ်းဘေးတွင် စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်း - ဟိန်းထက်လင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment