နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၁၉ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၁၉ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ


MNP ၊ မတ် ၁၀

နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၁၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ် ၉ ရက် နံနက် ၉ နာရီတွင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် နယ်မြေ(၇) သပြေရေကျေးရွာ ကျောင်းလမ်း မှ နောင်ချိုမြို့တွင်းဘက်သို့ ကျော်ကျော်နိုင် (၄၅)နှစ်နှင့် ထိန်လင်းစိုး(ခ)ဗေဒါး (၃၀)နှစ်တို့ ဆိုင်ကယ်နှစ်စီးဖြင့် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူပါဆပ်ပြာခွက် ၁၃၁၆ ခွက်၊ အလေးချိန် ၁၃ ဒသမ ၁၆ ကီလိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ မောင်ဌေး (၅၀နှစ်)ကို သရေကျေးရွာတွင် ဆိုင်ကယ်ဖြင့် လည်းကောင်း၊ နံနက် ၁၀ နာရီတွင် နောင်ချိုမြို့ အထွက် မန္တလေး-လားရှိုး-ကားလမ်း ကျောက်ကြမ်းကျေးရွာ အနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင် သူများဖြစ်ကြသည့် အောင်ကိုကိုပိုင် (ခ)အောင်ကို (၃၂)နှစ်၊ ရန်နိုင်ဦး (၃၄)နှစ်နှင့် သက်နိုင်ဦး(၃၃)နှစ်တို့ သုံးဦးကို AD Van ယာဉ်နှင့် လည်း ကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက် များအရ သိမ်းဆည်းရမိ မူးယစ် ဆေးဝါးများကို ရှမ်းပြည်နယ် မြောက်ပိုင်းမှ မန္တလေးတိုင်းဒေသ ကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့ ခြောက်ဦးအားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)