တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများ လိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများ လိုက်လံစစ်ဆေး



MNP - မတ်    ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မကြာမီကာလ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပပြုလုပ်မည့် စာစစ်ဌာနများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပူးပေါင်းကာ မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက လိုက်လံ စစ်ဆေး မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်‌မောင်မောင်၊ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးဇော်မင်း၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတင်ဆိုင်ဦး၊ ဒု-မြို့နယ်ပညာရေးမှူး ဦးခင်မောင်မြင့်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့က အထက(၁)သထုံ၊ အထက(ကျိုက္ကော်)နှင့် အထက(မရမ်းကုန်း)စာစစ်ဌာနများသို့ သွားရောက် ကာ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ မီးသတ်ဆေးဘူးများ လုံလောက်စွာ ထားရှိရေး၊ စာဖြေခန်းများအတွင်း လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု၊ မီးခလုတ်နှင့် လျှပ်စစ်သုံးပစ္စည်းများ စနစ်တကျ ထားရှိမှု၊ မီးသတ် ရေကန်များ၊ ပိုက်ခေါင်းများနှင့် မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲအိတ်များထားရှိမှု စသည်တို့အား စစ်ဆေးခဲ့ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းလုံခြုံစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်တို့ကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် တာဝန်ခံများထံ အကြံပြုမှာကြား ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ကျင်းပမည့် စာစစ်ဌာနပေါင်း (၃)ခုရှိပြီး အထက (၁)သထုံ စာစစ်ဌာန၌ ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၅၂၂)ဦး၊ အထက(ကျိုက္ကော်) စာစစ်ဌာန၌ ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၄၁၇)ဦး၊ အထက (မရမ်းကုန်း) စာစစ်ဌာန၌ ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၁၄၉)ဦး၊ စုစုပေါင်း (၁၀၈၈)ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)