ချောင်းဦးမြို့ မြို့သစ်ရပ်ကွက် ဘူတာကြီး၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပန်းခင်းစီမံချက် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့ မြို့သစ်ရပ်ကွက် ဘူတာကြီး၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပန်းခင်းစီမံချက် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 


MNP - မတ်    ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မြို့သစ်ရပ်ကွက် ဘူတာကြီးအတွင်း စုရပ်ပြု လုပ်၍ ယမန်နေ့နေ့လယ် ၁၂နာရီ အချိန်ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်း နှင့် ပန်းခင်းစီမံချက် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်နှင့် ဝန်ထမ်းများမှ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း မလုပ် ရသေးသူ ပြည်သူများအဆင်ပြေစေရေးအတွက် မြို့သစ်ရပ်ကွက် ဘူတာကြီးတွင် စုရပ် ပြုလုပ် ပြီး အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။  မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် မြို့နယ်ပြည်သူ့ဆေးရုံ ဆေးထိုးအဖွဲ့မှ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို  ပြည်သူ့ဆေးရုံတွင် နေ့စဉ်ဆောင်ရွက်ပေးနေသော်လည်း ယမန်နေ့ လယ်ပိုင်းက ပန်းခင်းစီမံချက် ကွင်းဆင်း ဆောင်ရွက်ပေးနေသည့် မြို့သစ်ရပ်ကွက်သို့ ကွင်ဆင်း ထိုးနှံပေးခဲ့သည်။ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး မြင့်သောင်း၊ လဝက မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်တို့ လိုက်ပါပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား လာရောက်လုပ်သူ ပြည်သူများအား ပန်းခင်းစီမံချက်၏ ရည်ရွယ်ချက်နှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးကို အကြိမ်ပြည့် ထိုးနှံထားကြရန် ပညာပေးခဲ့သည်။ ကွင်းဆင်းဆောင်ရွက်သည့် မြို့သစ် ရပ်ကွက်မှ အသက်၁၈နှစ် ပြည့်ပြီးသူပြည်သူ ၁၃ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ပေးနိုင်ခဲ့ကြောင်း သိရသည်။ ချောင်းဦးမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြား ဆောင်ရွက်ပေးရန် ပြည်သူ ၃၈၇၄ ဦး၊ ဆောင်ရွက်ပေးပြီးသူ ၂၆၅၅ ဦး၊ ဖြစ်သည့်အတွက် ၆၈.၅၃ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန်းထိုက် ထံမှသိရသည်။

သတင်း - ဝင်းမြင့်အောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)