ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်



MNP - မတ်    ၂၇

ကရသ်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေ ရေး သိသင့်သိထိုက်သော အကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိ ပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က အများပြည်သူအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏  ရည်ရွယ်ချက်များအား ပြောကြားပြီး မြို့နယ်တိုင်းရင်း ဆေးခန်းမှူး ဦးမောင်မောင်ဦးမှ အဖြစ်များသော ရောဂါဝေသနာများနှင့် တိုင်းရင်းဆေး ကုထုံးများနှင့် ပတ်သက်ပြီး နွေရာသီတွင် ဖြစ်တတ်သော ရောဂါများ မိုးရာသီတွင် ဖြစ်တတ် သော ရောဂါများနှင့် ရောဂါလက္ခဏာများ ရောဂါအမျိုးအစားအလိုက် ဖျားနာတတ်ခြင်းနှင့် ပတ်သက်ပြီး တိုင်းရင်းဆေးပညာဖြင့် ကုသမှုလမ်းညွှန်ချက်များ ကျန်းမာရေးစောင့်ရှောက် ကုသပေးနေမှုစသည်အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာ မှတ်သားသိရှိနိုင်စေရေးအတွက် Online လိုင်းမှတစ်ဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသ ပေးလျက်ရှိရာ သိရှိလိုသည်များအား Iprd kyarinnseikkyi facebook page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

သတင်း - မျိုးမင်းဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)