ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်နှင့် ရခိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ ပြန်လည်ဖွဲ့စည်းအတည်ပြုခြင်း အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်နှင့် ရခိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ ပြန်လည်ဖွဲ့စည်းအတည်ပြုခြင်း အခမ်းအနားသို့ တက်ရောက်



MNP ၊ မတ် ၅ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်နှင့်ရခိုင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အသစ်ပြန်လည် ဖွဲ့စည်းအတည်ပြုခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းလျားလမ်းနှင့် ဥယာဉ်လမ်းသွယ်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကရင်နှင့်ရခိုင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။ 


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရန်ကုန်တိုင်းဒေသကြီးတွင် ယခုအသစ်ပြန်လည် ဖွဲ့စည်းထားသည့် ကရင်နှင့်ရခိုင် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များကို အတည်ပြုပါကြောင်း၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းရမည် ဖြစ်ပါကြောင်း၊ စာပေနှင့်ယဉ်ကျေးမှုကိစ္စရပ်များ ဆောင်ရွက်ရသည့်အတွက် အရောင်အသွေးမရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောက်ရွက်ခြင်းများသာမက အဓိကကျသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းသာယာရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွန်ချက်များပါ တိုင်းပြည်၏အနာဂါတ်သည် လူငယ်များပင် ဖြစ်ပါကြောင်း၊ လူငယ်များ ပညာတတ်ဖို့လိုအပ်ပြီး ပညာရေးကို ဦးစားပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် တောင်သူလယ်သမားများကို ကူညီပံ့ပိုး ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း ပန်းခင်းစီမံချက်သည် အရေးကြီးသဖြင့် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တဖက်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို အထူးဂရုစိုက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ့ရေးသဘောတူစာချုပ် (NCA)အရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိရာ အားလုံးပါဝင်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားသည်။ 


ယင်းနောက် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ရခိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများက ၎င်းတို့၏ စာပေနှင့်ယဉ်ကျေးမှုအသင်း ပြန်လည်ဖွဲ့စည်းထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ယင်းတို့ဆောင်ရွက်နေသည့် စာပေနှင့် ယဉ်ကျေးမှုကိစ္စများ၊ တိုင်းရင်းသားအရေးကိစ္စများကို ဆွေးနွေးတင်ပြကြသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များ ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းတို့ကို ထောက်ပံ့ငွေများပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)