ချင်းပြည်နယ်ဝန်ကြီးချူပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချူပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

 



MNP - မတ်    ၄

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု များပြားလာသည့်အတွက် တစ်ဦးချင်းစီတိုင်း ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် သွားလာ နေထိုင်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်ပါက သက်ဆိုင်ရာဆေးရုံများသို့ အချိန်နှင့် တစ်ပြေးညီ ပြသရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြရန်နှင့် ကာကွယ်ဆေး ထိုးနှံမှုအခြေအနေများကို ကျေးလက်၊ မြို့ပေါ်ခွဲခြား၍ တင်ပြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ချင်းပြည်နယ် ၏ မြို့နယ်အလိုက် အပတ်စဉ်ရောဂါပိုးတွေ့ရှိမှုနှင့် ပိုးတွေ့ရာခိုင်နှုန်းအခြေအနေ၊ RDT ဖြင့် ရောဂါရှာဖွေစစ်ဆေး မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်မှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံမှုနှင့် ဆက်လက်ထိုးနှံမည့် အစီအမံများ၊ ဂန်ဂေါ အထွက်စစ်ဆေးရေးဂိတ်တွင် RDT Test Kit ဖြင့် ကိုဗစ်-၁၉ စစ်ဆေးမှုအခြေအနေ၊ မြို့နယ် (၉) မြို့နယ်အတွက် ကိုဗစ်−၁၉ ဆေးပစ္စည်း ဝယ်ယူပေးနိုင်ရေး ပြည်နယ်တွင်း လူဦးရေစာရင်းများ ပြန်လည်စိစစ်ဆောင်ရွက်မှုနှင့် Volunteer များစာရင်း ပြန်လည်စိစစ်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးတို့က ဂန်ဂေါအထွက် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ဆောက်လုပ်ခြင်းအတွက် ကုန်ကျစရိတ် တင်ပြရေးကိစ္စ၊ Volunteer များ ထောက်ပံ့ခြင်းအတွက် ကုန်ကျစရိတ်စာရင်း ရှင်းတမ်းများ တင်ပြရေးကိစ္စ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် စီမံချက်များ အချိန်မီရေးဆွဲတင်ပြရေးတို့နှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ မတ်လနှင့် ဧပြီလကုန် အတွင်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ ဆေးထိုးနှံပေးနိုင်မည့်လူဦးရေစာရင်းများ ပြုစုရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းကို အခြေခံ၍ ဆောင်ရွက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမားရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စာရင်းများ ပြန်လည် တိုက်ဆိုင် စိစစ်နိုင်ရေး၊ ကာကွယ်ဆေးထိုးစုရပ်များ၊ ကာကွယ်ဆေးထိုးမည့် အစုအဖွဲ့များ ဆောင်ရွက်မည့် အခြေအနေ၊ Volunteer များဖြင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေနှင့် အသိ ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို အကြံပြု ဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)