ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး



MNP - မတ်    ၂၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ် ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ် မြေအလိုက် ကျေးရွာများအရောက် ကွင်း ဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန် နေ့နံနက်၉နာရီမှစ၍ မြို့မဇုံမှ (၈၀)ဦး၊ မြို့သာဇုံမှ (၃၀၂)ဦး၊ ငါန်းမြာဇုံမှ (-)ဦး၊ ခြင်္သေ့လက်ဇုံမှ (၃၅၃)ဦး၊ သားကျင်ဇုံမှ (-)ဦး၊ ဂျိုဇုံမှ (၂၄၄)ဦး၊ သံဘိုဇုံမှ(၂၈)ဦး၊ ရေလည်သောင်ဇုံမှ(၁၈၃)ဦးနှင့် ကုလားရွာဇုံမှ(၃၄)ဦး ဇုံ(၉)ဇုံမှ စုစုပေါင်း (၁၂၂၄)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။    

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၄ရက်နေ့မှ ၂၈ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အမအသုတ် ပထမအကြိမ် (၂၆၈၁၇)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။         

သတင်း - သက်နောင်ဦး

မြန်မာနေရှင်နယ်ပို့စ်

1 comment:

  1. The King Casino - Ventureberg
    The ventureberg.com/ King https://deccasino.com/review/merit-casino/ Casino is owned by casinosites.one British casino operator Crown Resorts and operated by Crown https://deccasino.com/review/merit-casino/ Resorts. It is owned by British ADDRESS: CASTLE jancasino

    ReplyDelete

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)