MNP - မတ် ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်၌ ၂၀၂၁-၂၀၂၂ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် အတွက်စာစစ်ဌာန(၄)ခုသို့သွားရောက်ပြီး စာမေးပွဲဖြေဆိုမည့် အခန်းများ ပြင်ဆင်ထားရှိမှုနှင့်လုံ ခြုံမှုရှိ/မရှိ တို့ကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ မြောက်ဦးမြို့ပေါ်၌ စာစစ်ဌာန(၄)ခုသို့ သွားရောက်စစ်ဆေးရာတွင် မြောက်ဦးခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ယာယီဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ ဒုခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊ ခရိုင် မီးသတ်ဌာန မှလက်ထောက်ညွန်ကြားရေးမှူး ဦးခိုင်ဇော်ဟိန်း၊ ခရိုင်ပညာရေးမှူး ဒေါ်တင်တင်မြင့် တို့ပါဝင်သည့်အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုကျောင်းသူ၊ကျောင်းသားများအနေဖြင့် အေးချမ်းတည်ငြိမ်စွာဖြေ ဆိုနိုင်ရန်အတွက် စာဖြေဌာနများသို့ သွားရောက်၍ စာမေးပွဲဖြေဆိုမည့် အခန်းများ ပြင်ဆင်ထား ရှိမှုနှင့်လုံခြုံမှုမှု ရှိစေရေး၊ မီးဘေးအန္တရာယ်လုံခြုံမှု ရှိစေရေး၊ သောက် သုံးရေများလုံလောက်မှု ရှိစေရေးနှင့် ရေလုံအိမ်သာများလုံလောက်မှု ရှိစေရေး၊ ကျန်းမာရေးဝန် ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုအခြေအနေ တို့ကို သွားရောက်ပြီး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်း - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment