လူမှုဝန်ထမ်းဦးစီးဌာန၊ အမာမူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် E.C.C.D Certificate ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုဝန်ထမ်းဦးစီးဌာန၊ အမာမူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် E.C.C.D Certificate ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားပြုလုပ်

 


MNP - မတ်     ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမာမူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် E.C.C.D Certificate ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကျင်းပရာတွင် ဦးစွာ ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမာမူလတန်းကြိုကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် E.C.C.D Certificate များ ပေးအပ်ချီမြှင့်ခြင်း၊ ကျောင်းသား/ ကျောင်းသူလေးများမှ ပဒေသာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် မူကြိုကျောင်းအုပ်ဆရာမများ၊ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ အမာမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြ‌ ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)