ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာ၌ နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာ၌ နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား


MNP - မတ်   ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာ၌ ယမန်နေ့ညနေ ၅နာရီ ၅၈ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာရှိ နေအိမ်အတွင်း လူစောင့်မရှိဘဲ ဟင်းအိုး တည်ထားခဲ့ရာ အနီးရှိထင်းပုံမှတစ်ဆင့် ထင်းအခြောက်လှမ်းစင်သို့ မီးကူးစက်လောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်တော်မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဌေးမင်းနိုင် ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၄ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး တို့က မီးငြှိမ်းသတ်ယာဉ် (၂) စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း မီးလောင် ကျွမ်းမှုကြောင့် သွပ်မိုး၊ ဝါးကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံးနှင့် အခြားနေအိမ်(၄)လုံး၊  စုစုပေါင်းနေအိမ် (၅)လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ကျောက်တော်မြို့၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်း - ခင်မောင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)