ဗန်းမော်ခရိုင်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်ခရိုင်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး




MNP - မတ်    ၅

ဗန်းမော်ခရိုင်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနစုပေါင်းရုံး  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင် ကိုဗစ်၁၉- ရောဂါ အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က ၂၀၂၂ ခုနှစ် ဧပြီလ အကုန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ရည်မှန်းချက်ထားရှိသည့်အတွက် အောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဗန်းမော်ခရိုင်အတွင်းတွင် ဖေ‌ဖော်ဝါရီလအကုန်ထိ ၅၀ ရာခိုင်နှုန်းခန့် ကာကွယ်ဆေး ထိုးနှံပြီးကြောင်း၊ ပြည်သူအများစုက ကာကွယ်ဆေးနှင့် ပက်သက်သည့် ဆိုးကျိုးများရှိနိုင်သည်ဟု မလိုသူများ၏ အဖျက်သဘောဆောင်သည့် မဟုတ်မမှန်စကားများအရ ကာကွယ်ဆေးထိုးရန် မဝင့်မရဲရှိနေကြကြောင်း၊ ကော်မတီဝင်များအနေဖြင့်တစ်ဦးခြင်းဆီမှာ တာဝန်အပြည့်ရှိကြောင်းနှင့် ပညာပေးစည်းရုံးကြရမှာဖြစ်ကြောင်း၊ ထိုသို့ပညာပေးစည်းရုံးရာတွင် ခရိုင်အဆင့် ကော်မတီဝင်များကို အောက်ခြေကျေးလက်အဆင့်အထိ ကွင်းဆင်းဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း ထားပြီးဖြစ်ပါကြောင်း၊ ပရဟိတအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်ကျေးများရှိ ရပ်မိရပ်ဖများရဲ့ အကူအညီကို ရယူပြီး အိမ်တိုင်ရာရောက် စည်းရုံးဆောင်ရွက် သွားပေးကြရန်လိုကြောင်းသို့မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နောင်တွင် ခရီးသွား လာရာတွင်လည်းကောင်း၊ အလုပ်ဝင် ရောက်ရာတွင်လည်းကောင်း၊ ဈေးရောင်းရာတွင်လည်းကောင်း ကာကွယ်ဆေး (၂)ကြိမ်ထိုးပြီးမှသာ ခရီးသွားလာခွင့် အလုပ်လျှောက်ခွင့်၊ ဈေးရောင်းခွင့်ပြုတော့မည့် အခြေအနေ အထိသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရိုင်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူ မည်သူမဆို မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကတ်ပြား)တစ်ခု ကိုင်ဆောင်ပြီး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးသည့် နေရာတွင် ဆေးထိုးနိုင်ပါကြောင်းကို လည်းပြည်သူများ သိရှိနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးကြရမှာဖြစ်ကြောင်းနှင့် ကျန်းမာရေးဦးစီး ဌာနအနေဖြင့်လည်း ကာကွယ်ဆေးနှင့်ဆေးပစ္စည်းများကို ပြတ်လပ်မှု မရှိစေရေး သက်ဆိုင်ရာဌာနများသို့ အချိန်မီ တင်ပြ တောင်းခံစုဆောင်းထားဖို့ လိုအပ်ကြောင်း ရှင်းလင်းပြောကြား ဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီဝင်များက မိမိတို့ ကျရာကဏ္ဍမှ တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်နေကြကြောင်းနှင့် ရာနှုန်းပြည့်အောင်မြင်နိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)