မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ သီးသန့်လူနာဆောင်(အသစ်) ဆောက်လုပ်မှု ၇၅ ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ သီးသန့်လူနာဆောင်(အသစ်) ဆောက်လုပ်မှု ၇၅ ရာခိုင်နှုန်းပြီးစီး


MNP - မတ်     ၅

ကိုဗစ်-၁၉ လူနာများအပါအဝင် အခြားလူနာများဆေးကုသခံယူမှု အဆင်ပြေစေရေးအတွက် မွန်ပြည်နယ်မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ သီးသန့်လူနာဆောင်(အသစ်) တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း ဆောက်လုပ်ရေး တာဝန်ခံက ပြောသည်။

အဆိုပါ အဆောက်အဦမှာ အလျား ၈၄ ပေ၊ အနံ ၄၈ ပေ၊ အမြင့် ၁၂ ပေ သံကူကွန်ကရစ် RC တစ်ထပ် သုံးခန်းတွဲ လေးခန်း အဆောက်အဦဖြစ်ပြီး မုဒုံမြို့နေ ဒေါ်ခင်စိန် (မိသားစု)မှ အလှူငွေကျပ် သိန်း(၁၀၀၀) မတည်လှူဒါန်းခဲ့ရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်တည်ဆောက်ခဲ့ကြောင်း၊ အဆောက်အဦပြီးစီးပါက လူနာကုတင် လျာထားချက်အရ (၁၂)ကုတင် ထားရှိမည်ဖြစ်ကြောင်း၊ ကုသရေးပိုင်းတွင် လူနာထားရှိမှုအတွက် များစွာအထောက်အကူပြုမည် ဖြစ်သောကြောင့် အလှူရှင်နှင့် ယင်းအဆောက်အဦ ဖြစ်မြောက်အောင် ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြသော မြို့မိ၊ မြို့ဖများ၊ သက်ဆိုင်ရာတာဝန်ရှိသူများကို အထူးပင် ကျေးဇူတင်ရှိပါကြောင်း မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်၏ ပြောကြားချက်အရသိရှိရသည်။

သတင်း - အောင်မျိုးသူ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)