ရွှေသောင်ယံမြို့၌ မျိုးဗီဇ‌ပြောင်း အိုမီခရွန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေသောင်ယံမြို့၌ မျိုးဗီဇ‌ပြောင်း အိုမီခရွန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်



MNP -  မတ်     ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မျိုးဗီဇပြောင်း အိုမီခရွန်ကူးစက် ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများမှ ရွှေသောင်ယံမြို့ရပ်ကွက်များတွင်း၌ လိုက်လ နှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အိုမီခရွန်မျိုးဗီဇပြောင်း ကူးစက်ရောဂါသည် ယခုအခါ မြန်မာနိုင်ငံ ကျေးလက်တောရွာများ အထိ ကူးစက်ပြန့်နှံ့လျက်ရှိခြင်းကြောင့် မိမိတို့နေရာဒေသတွင်လည်း အချိန်မရွေး ‌ပြန့်နှံ့ရောက်ရှိ လာနိုင်သည့်အတွက် သတိပြုသွားလာနေထိုင်ကြရန် ၎င်းရောဂါသည် ယခင်ကိုဗစ်-၁၉ ရောဂါ ဖြစ်ထားသူများလည်း ပြန်လည်ဖြစ်ပွားနိုင်‌သည့်အတွက် မည်သူမဆို ကူးစက်နိုင်ခြင်း‌ကြောင့် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်ရန်၊ ကျန်းမာရေး စည်းကမ်းချက်များ ဖြစ်သည့် အိမ်ပြင်သို့ ထွက်ခွါသွားလာပါက နှာခေါင်းစည်း(Mask)များကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ လူစုလူဝေးများကို ဆင်ခြင်သွားလာရန်၊ အပြင်ကပြန်လာတိုင်း (Mask)များကို အမှိုက်ပုံးများအတွင်း စနစ်တကျစွန်ပြစ်ရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လေဝင်လေထွက်ကောင်းသောနေရာများတွင်နေထိုင်ကြရန်၊ ဖျားနာပြီး သံသယရှိပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားကာ ဆေးကုသမှုခံယူရန်၊ ကာကွယ် ဆေးထိုးနှံပြီးသော်လည်း ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် တို့ကို တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။

သတင်း - ကိုကိုမောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)