ကျိုက်ထိုမြို့နယ် Community Center တွင် စစ်တုရင်ပြိုင်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် Community Center တွင် စစ်တုရင်ပြိုင်ပွဲပြုလုပ်







MNP ၊ မတ် ၂၉

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး‌ ပေါင်း၍  နွေရာသီ ကျောင်းပိတ်ရက်တွင် လူငယ် ၊လူရွယ် များအား ဉာဏ်ရည်မြင့်မားရေး စစ်တုရင်ပြိုင်ပွဲကို မတ်(၂၉)ရက် နံနက်ပိုင်းက  ကျင်းပပြုလုပ်ပေးခဲ့သည်။

ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က နွေရာသီကျောင်း ပိတ်ရက်ရှည် ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုပြီး လူငယ်များဉာဏ်ရည်မြင့်မားရေးအတွက် ယခုကဲ့သို့ အားကစားပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းဖြစ်ပြီး  အကျင့်စာရိတ္တ ကောင်းမွန်ရေးအတွက် မိမိကိုယ်ကို စဉ်ဆက်မပြတ်လေ့ကျင့်ပျိုးထောင်ရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများကအကဲဖြတ်ဒိုင်အဖြစ်ပြုလုပ်ပေးပြီးဆုများကိုရွေးချယ်ပေးခဲ့ရာ ပထမ၊ဒုတိယနှင့်တတိယဆုများကိုမြို့နယ်ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။


သတင်း -  ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)