မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကယ်ဆယ်ရေး ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်


             

MNP - မတ်   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ အားကောင်းသော မုန်တိုင်းငယ် ဖြတ်သန်းစဉ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သော ကျေးရွာအုပ်စု(၉)အုပ်စုမှ ဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း လုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဒေါက်တာလှဟန်၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးနိုင်လင်းထွန်းနှင့် တပ်ဖွဲ့ဝင်များက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂၆)လုံးပြို ကျပျက်စီးခဲ့ပြီး နေအိမ်(၅)လုံး အမိုးလန်ပျက်စီးခဲ့မှုအတွက် ဘေးအန္တရ



ာယ်ခံစားရသော မိသားစုများထံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးအပ်သော  Family kit (1) kit, Hygiene kit (1) kit, Diginity kit(1) kit, Plastic bucket(1)PCs , Kitchen set, Tarpaulin, Hygiene kit အစရှိသော ကယ်ဆယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်အောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)