ဇမ္ဗူသီရိမြို့နယ်ရုံးတွင် “(၇၇) နှစ်မြောက် တပ်မတော်နေ့အကြောင်း သိကောင်းစရာများ အသိပညာပေး” Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်ရုံးတွင် “(၇၇) နှစ်မြောက် တပ်မတော်နေ့အကြောင်း သိကောင်းစရာများ အသိပညာပေး” Talk Show ကျင်းပ

 


MNP -  မတ် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက “(၇၇) နှစ်မြောက် တပ်မတော်နေ့အကြောင်း သိကောင်းစရာများ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက “(၇၇) နှစ်မြောက် တပ်မတော်နေ့အကြောင်း သိကောင်းစရာများ အသိပညာပေး” Talk Show ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးပြီး စာရေးဆရာ ကိုချိုစံနှင့် စာရေးဆရာ ခိုင်မင်း (နေပြည်တော်)တို့က တပ်မတော်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂) ရပ်၊ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်နှင့်အတူ တိုင်းရင်းသား ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး၊ တပ်မတော်နှင့်ပတ်သက်သည့်ကဗျာများ၊ တပ်မတော်၏ အဓိကတာဝန်၊ တပ်မတော်၏ စွမ်းရည် (၃) ရပ်၊ တပ်မတော်၏ အား (၁၀) ပါး၊ တပ်မတော်သားတွေရဲ့ စည်းကမ်းလိုက်နာမှု၊ တပ်မတော်အနေနှင့် နိုင်ငံတော်အပေါ်တွင် ကာကွယ်စောင့်ရှောက်မှုများ စသည့် တပ်မတော်နှင့်ပတ်သက်သော အကြောင်းအရာများအား  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)