ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများကို ကျေးရွာအရောက် ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများကို ကျေးရွာအရောက် ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး


MNP - မတ်    ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော ဒေသခံပြည်သူများကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးရာတွင် အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများ က ဆေးထိုးအဖွဲ့(၉)ဖွဲ့ခွဲပြီး ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ ကျောင်းကုန်းကြီး ကျေးရွာ အုပ်စု၊ လက်ပနွယ်ကျေးရွာအုပ်စု၊ ကျွဲတိကျေးရွာအုပ်စု၊ ရွာခိုင်ကျေးရွာအုပ်စု၊ ဇီးကိုင်းကျေးရွာအုပ်စု၊ ဖလံတော ကျေးရွာအုပ်စု၊ မဲဇလီကျေးရွာအုပ်စုနှင့် မဒဲကျေးရွာအုပ်စုသို့ သွားရောက်ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများကို ကျန်းမာရေးစစ်ဆေးပြီး ကာကွယ်ဆေး စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ရပ်ကွက်/ကျေးရွာအရောက် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးသည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် သွားလာရေးအခက်အခဲရှိသူများနှင့် သက်ကြီးဘိုးဘွားများ စိတ်အေးချမ်းစွာ ကာကွယ်ဆေးထိုးနှံခွင့်ရရှိသဖြင့် ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က တစ်မြို့နယ် လုံး ကာကွယ်ဆေးထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် နေ့စဉ်ကျေးရွာများသို့ နယ်လှည့် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ စုစုပေါင်း ၁၃၅၄၂၂ ဦးရှိရာ မတ် ၁၀ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ ၈၇၆၀၄ ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ ၆၇၇၇၆ ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)