MNP - မတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိစက်ဆီ၊ ချောဆီ အရောင်းဆိုင်များသို့ အင်ဂျင်ဝိုင်များ ဆင်တူယိုးမှားပစ္စည်းအတုရောင်းချနေမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကြားလော့၊ ဆည်းဆာ၊ တောင်ပေါ်သား၊ Tiger စသည့် စက်ဆီ၊ ချောဆီအရောင်းဆိုင်များ၌ Falcon ၊Trane နှင့် Crocodile အမှတ်တံဆိပ်အင်ဂျင်ဝိုင်များ ဆင်တူယိုးမှား အတုဖြန့်ဖြူးရောင်းချမှု ရှိ၊မရှိ အဓိက ထား၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ၊ ဆိုင်ပိုင်ရှင်များကိုလည်း သုံးစွဲသူများ နစ်နာမှုမရှိစေရေးအတွက် ပစ္စည်းများ ၊ဆင်တူယိုးမှား တံဆိပ်များ ဝယ်ယူ၍ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းမပြုရန် အသိပညာပေးခြင်း ၊ ဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်အတွင်း စက်ဆီ၊ ချောဆီနှင့် ဆက်စပ် ရေနံထွက်ပစ္စည်းများ အတုအပပြုလုပ်၍ တရားမဝင်တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း၊ တရားဝင်လိုင်စင်ရယူဆောင်ရွက်ခြင်းရှိ၊မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးေဆာင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန၊ မြန်မာ့ရေနံလုပ်ငန်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးရေးဝန်ထမ်းများပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
သတင်း - ခင်လေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment