မိတ္ထီလာမြို့နယ် ဂွေးကုန်း-သစ်စိမ့်ပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် သိန်း ၄၃၀ ကျော်အား ပဉ္စမအကြိမ် ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် ဂွေးကုန်း-သစ်စိမ့်ပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် သိန်း ၄၃၀ ကျော်အား ပဉ္စမအကြိမ် ထုတ်ချေး



MNP - မတ်    ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဂွေးကုန်း-သစ်စိမ့်ပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ် သိန်း ၄၃၀ ကျော်အား ပဉ္စမအကြိမ် ထုတ်ချေးခြင်းကို ယမန်နေ့ နံနက်က အဆိုပါကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း  သိရသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးပေးရာသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် တာဝန်ရှိသူများ၊ ဂွေးကုန်း-သစ်စိမ့်ပင်ကျေးရွာမှ မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြပြီး ၎င်းမြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးပေးခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုး လတ်နှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များက မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကျပ် ၄၃၄ သိန်းကို ဂွေးကုန်း-သစ်စိမ့်ပင်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၉၆ ဦးအား ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် ကျေးရွာမှ တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းတို့ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် ကျေးလက်ဒေသဆင်းရဲမှု လျော့ချရေးနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ခံစားရရှိမှာဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

သတင်း - သိန်းမြင့်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)