ဇလွန်မြို့နယ် စိမ်းလန်းစိုပြေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၁၅၀၀၀ ပျိုးထောင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့နယ် စိမ်းလန်းစိုပြေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၁၅၀၀၀ ပျိုးထောင်ထားရှိ

MNP - မတ်    ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိမ်းလန်းစိုပြေရေးအတွက် မြို့နယ် သစ်တောဦးစီးဌာနမှ လူထုဖြန့်ဝေစိုက်ပျိုးရန် ပျိုးပင်ပေါင်း ၁၅၀၀၀ ပျိုးထောင်ထားရှိကြောင်း သိရသည်။

လာမည့်မိုးရာသီတွင် သစ်ပင်များ ဖြန့်ဝေစိုက်ပျိုးရန် ကျွန်း ၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယမနေ၊ မဟော်ဂနီနှင့် ကသစ်ပျိုးပင် စုစုပေါင်း ၁၅၀၀၀ ပျိုးထောင်ထားသည်။ အဆိုပါ ပျိုးပင်ပေါင်း ၁၅၀၀၀ ကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏မြေများ၊ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့ များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လမ်းဘေးဝဲယာများတွင် စိုက်ပျိုးနိုင်ရေး အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဇလွန်ဘိနယ် တာဝန်ခံ တောအုပ်ဦးမြင့်သူ၏ ပြောကြား ချက်အရ သိရသည်။

သတင်း - ဝေယံ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)