တရုတ်အဆင့်မြင့်သံတမန် နှင့် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးတို့ တွေ့ဆုံမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်အဆင့်မြင့်သံတမန် နှင့် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးတို့ တွေ့ဆုံမည်



MNP ၊ မတ် ၁၄

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီသည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလ်လီဗန် (Jake Sullivan) နှင့် မတ် ၁၄ ရက်တွင် အီတလီနိုင်ငံ ရောမမြို့၌ တွေ့ဆုံမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၃ ရက် ညပိုင်း၌ ကြေညာခဲ့သည်။ 

CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူးလည်းဖြစ်သူ ယန်သည် ဂျိတ်ဆူလ်လီဗန် နှင့် တရုတ်-အမေရိကန် ဆက်ဆံရေးများ ၊ နှစ်ဖက်စလုံးနှင့်ဘုံသက်ဆိုင်သော နိုင်ငံတကာနှင့်ဒေသတွင်း အရေးကိစ္စများအပေါ်  အမြင်ချင်းဖလှယ်သွားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပြောကြားခဲ့သည်။ 

ယင်းတွေ့ဆုံဆွေးနွေးမှု၏ အဓိကကိစ္စရပ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် တရုတ် နှင့် အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များ၏ အွန်လိုင်းထိပ်သီးတွေ့ဆုံဆွေးနွေးပွဲအတွင်း ရရှိခဲ့သည့် အရေးပါသောသဘောတူညီချက်များအား အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း ကျောက်လိကျန်း၏ ပြောကြားချက်အရ သိရသည်။ 

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းမှစတင်ကာ ယင်းကိစ္စနှင့်ပတ်သက်၍ နှစ်ဘက်သည် အဆက်အသွယ် ရှိခဲ့ကြောင်း ၊ အစည်းအဝေးနှင့်ပတ်သက်ပြီး အဆက်အသွယ် ပြုလုပ်၍ သတ်မှတ်ထားသည့်အတိုင်း တွေ့ဆုံဆွေးနွေးရန် အချိန်သတ်မှတ်ခဲ့ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။


Ref : (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)