MNP - မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပိတောက်ငုပ်ကျေးရွာအုပ်စု၊ ပိတောက်ငုပ်ကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံ ပြည်သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် ဒေသခံပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက နတ်မောက်မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများနှင့် သက်ကြီး ဘိုးဘွားများကို ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကင်းဝေးစေရန် လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်၍ ကာကွယ်ဆေး စနစ်တကျ ထိုးနှံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်နှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေး ထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် မိုဘိုင်းစနစ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်း ထိုးနှံပေးခြင်းကို ဆေးထိုးအဖွဲ့ (၅)ဖွဲ့ခွဲပြီး ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်း - သင်းသင်းမြတ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment