မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် သန်ချဆေးနှင့် ဗီတာမင်(အေ)ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် သန်ချဆေးနှင့် ဗီတာမင်(အေ)ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

 



MNP - မတ်    ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီ အချိန်က သန်ချဆေးနှင့်ဗီတာမင်(အေ)ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့ တိုက်နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ခံဆရာမ ဒေါ်နန်းမေထားနှင့် ဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ရောဂါကင်းဝေးရေးနှင့် ကျန်းမာရေးကြံ့ခိုင်စေရေးတို့အတွက် သန်ချဆေးများ တိုက်ကျွေး၍ မူလတန်းဆင့်ကလေးငယ်များအား မျက်စိနှင့် အာရုံကြောရောဂါများ ကာကွယ်စေရန် ဗီတာမင်(အေ)(နှစ်သိန်းအား)အနီရောင်ဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆရာ/ဆရာမ (၃၃)ဦး၊ ကျောင်းသား(၃၄၂)ဦး၊ ကျောင်းသူ (၃၆၁)ဦး၊ စုစုပေါင်း(၇၃၆)ဦးကို သန်ချဆေးနှင့်ဗီတာမင်(အေ)ဆေးများ တိုက်ကျွေးခဲ့ကြောင်းသိရသည်။

သတင်း - မနန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)