လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများနှင့် ပထမအကြိမ် ထိုးနှံထားပြီးသူများအား ဒုတိယအကြိမ်ကာကွယ်ဆေးဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများနှင့် ပထမအကြိမ် ထိုးနှံထားပြီးသူများအား ဒုတိယအကြိမ်ကာကွယ်ဆေးဆက်လက်ထိုးနှံပေး





MNP - မတ်     ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် အသက်(၁၈)နှစ်အထက်ပြည်သူများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်း၊ ပထမအကြိမ်ထိုးနှံထားပြီးသူများအားဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၈:၀၀)နာရီအချိန်က မြို့နယ်ခန်းမ၌ ထိုးနှံပေးလျှက် ရှိကြောင်းသိရှိရသည်။

လောင်းလုံးမြို့နယ်အတွင်း အသက်(၁၈) နှစ်အထက်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ဧပြီလအတွင်းရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကိုကြီးကြပ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းပြီး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းကာ သတ်မှတ်ထားသောဆေးထိုးစုရပ် ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့သွားရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)