ရေဖြူမြို့နယ်၌ DGT ကုမ္ပဏီ၏ Domestic Gas to Power(DG2P) စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ (ပထမအကြိမ်) လူထုတွေ့ဆုံပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဖြူမြို့နယ်၌ DGT ကုမ္ပဏီ၏ Domestic Gas to Power(DG2P) စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ (ပထမအကြိမ်) လူထုတွေ့ဆုံပွဲ ပြုလုပ်







MNP - မတ်    ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌  DGT ကုမ္ပဏီ၏ Domestic Gas to Power(DG2P) စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ (ပထမအကြိမ်) လူထုတွေ့ဆုံရှင်းလင်းပွဲကို ‌ယနေ့ နံနက်(၁၀)နာရီက ရေဖြူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီခန်းမတွင် ပြုလုပ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ရေဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကိုယ်စားလှယ် ဦးဇော်နိုင်ဦးက နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ဆက်လက်၍ DGT ကုမ္ပဏီစီမံကိန်းပေါင်းစပ်ညှိနှိုင်းရေး အရာရှိ ဦးစည်သူကျော်က နှစ်အလိုက် ဆောင်ရွက် သွားမည့် AG2P ၏ စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် များကို REM-UAE အကြံပေးကုမ္ပဏီမှ ဒေါ်ခင်ဥမ္မာထွေးက ရှင်းလင်းခဲ့သည်။ ထို့နောက်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။

သတင်း - ခတ္တာ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)