MNP - မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မိုးညိုမြို့နယ်တွင်၂၀၂၁- ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးခဲ့ရာတွင် ကျေးရွာအုပ်စု (၃၇)အုပ်စု၌ နေကြာဆီထွက်သီးနှံမျိုးဖြစ်သည့် ဆင်းရွှေကြာ-၂၊မဟူရာ၊ရေဆင်းစပ်မျိုး-၁ တို့အား စိုက်ပျိုးဧက(၁၀၃) ဧကတို့တွင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် မြို့နယ်အတွင်းရှိ အုပ်စု/ ကျေးရွာများတွင် စိုက်ပျိုးထားရှိသည့် နေကြာသီးသန့် (၂၃)ဧကနှင့် သီးညှပ် (၈၀)ဧကတို့မှာ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၂/၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးကာလတွင်လည်း ကျေးရွာအုပ်စု (၃၇) အုပ်စုတွင် နေကြာသီးသန့် (၅၀)ဧကနှင့် သီးညှပ် (၆၄၂၅)ဧက၊ စုစုပေါင်း (၆၄၇၅)ဧက စိုက်ပျိုးနိုင်ရန်အတွက် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်ခံစိုက်ပျိုးလာစေရန်၊ ဆီဖူလုံမှုရာခိုင်နှုန်း တိုးတက်လာစေရန်၊ တောင်သူဝင်ငွေပိုမိုရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပြီး တောင်သူများအနေဖြင့် တစ်ဧကဝင်ငွေ အကျိုးအမြတ်ပိုမိုရရှိသည်ကို လက်တွေ့သိရှိနိုင်ခြင်း၊ ပဲမျိုးစုံစိုက်ဧကများတွင် နေကြာသီးနှံ စနစ်တကျစိုက်ပျိုးနိုင်ခြင်း၊ တောင်သူဝင်ငွေတိုးတက်လာခြင်းဖြင့် လူမှုစီးပွားဘဝ တိုးတက် မြင့်မားလာစေခြင်းနှင့် နိုင်ငံတော်၏ဆီဖူလုံမှုအတွက် အထောက်အကူဖြစ်စေပြီး တောင်သူများအနေဖြင့်လည်း အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
သတင်း - ကိုမင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment