ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသာစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသာစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ



MNP ၊ မတ်   ၁၄    

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ပြည့်မီနိုင်ရေးနှင့် ပြည်သူများ “လူမှုဘဝပြည့်စုံဖို့၊ နိုင်ငံသားကတ်ကိုင်ကြစို့ ”ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံ သားစိစစ်ရေးကတ်ပြားပြုလုပ် ဆောင်ရွက်ခြင်းကို ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကုလားပုန်းကျေးရွာအုပ်စုသို့ သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်‌‌ပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးဦးခင်မောင် ဦးဆောင်၍ ဝန်ထမ်းများမှကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြိုနယ်အတွင်းရှိရပ်ကွက်၊ကျေးရွာ အတွင်းနေထိုင်ကြသည့် ပြည်သူများအား  ပြောင်းရွေ့ ၊ ခွဲထွက်လိုသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း မပြုလုပ်ရသေးသောသူများကို အိမ်ထောင်စုလူဦးရေးစာရင်းပြုလုပ်ပေးခြင်း၊  ပျောက်ဆုံးပျက်စီးမှုများအား မိတ္တူပြုလုပ်ဆောင်ရွက်ပေးခြင်းများနှင့် ဖွား သေ စာရင်းများအတွက်ပယ်ဖျက်ခြင်း၊  ရေးသွင်းခြင်းများဆောင်ရွက်ပေးခြင်းများနှင့်အတူ  နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသောပြည်သူများအား အသက်(၁၀) နှစ်ပြည့် နှင့် အသက်(၁၈)နှစ်နှင့်အထက်ရှိပြည်သူများကိုနိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)