MNP ၊ မတ် ၃၀
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဂွ မူလတန်းကြိုကျောင်းတွင် ယမန်နေ့ ညနေက ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်း အနားကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဂွမြို့ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိမွန်လှိုင်က သားငယ်၊သမီးငယ်များ မူလတန်းကြိုကျောင်း သင်ယူပြီးမြောက်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီးသားငယ်၊ သမီးငယ်များကသီချင်း အဆိုအကများဖြင့် ပဒေသာကပွဲ ကပြဖျော်ဖြေခဲ့ကြသည်။ ထိုနောက် ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်နိုင်ထွန်းဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ရွှေရည်ဝင်းကျော်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်၊မြို့နယ် မိခင်နဲ့ကလေးအဖွဲ့မှအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဂွမူလတန်းကြိုကျောင်း ကျောင်းအုပ် ဆရာမကြီးဒေါ်အိမွန်လှိုင်တို့က ကျောင်းဆင်း သားငယ်၊သမီးငယ်များအား သင်ယူပြီး မြောက်ခြင်းလက်မှတ်များကို ပေးအပ်ရာ သားငယ်/သမီးငယ်(၃၆)ဦးက လက်ခံရယူခဲ့သည်။အဆိုပါ ဂွမူလတန်းကြိုကျောင်း၏ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ မူလတန်းကြိုကျောင်းမှ ကလေးငယ်များနှင့်အတူ ကျောင်းသားမိဘ များ တက်ရောက်၍ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment