ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ပုံပြင်ပြောပြခြင်း၊ စာအုပ်ပြပွဲနှင့် ကလေးများ ပြိုင်ပွဲအစီအစဉ်ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ပုံပြင်ပြောပြခြင်း၊ စာအုပ်ပြပွဲနှင့် ကလေးများ ပြိုင်ပွဲအစီအစဉ်ပြုလုပ်

 


MNP  မတ်လ   ၂၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်၏ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ပုံပြင်ပြောပြခြင်း၊ စာအုပ်စာစောင်ပြပွဲနှင့် ကလေးများ ဉာဏပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်မှ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ကလေးများအသိပညာ ဗဟုသုတရရှိစေမည့် ပုံပြင်ပြောပြပြီး  ကလေးများဉာဏပြိုင်ပွဲများဖြစ်သည့် ပုံဆွဲခြင်းများ ပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်မှ စာကြည့်တိုက်ကို လာရောက်သောကလေးငယ်များအား  (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး  တပ်မတော်နေ့နှင့် ပတ်သက်သည့် ခင်းကျင်းထားသည့် စာအုပ်စာစောင်များကိုလည်း လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)