ယူကရိန်းတွင် ရုရှား၏အထူးစစ်ဆင်ရေးလှုပ်ရှားမှုကို အစီအစဉ်အတိုင်း လုပ်ဆောင်နေကြာင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူးပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းတွင် ရုရှား၏အထူးစစ်ဆင်ရေးလှုပ်ရှားမှုကို အစီအစဉ်အတိုင်း လုပ်ဆောင်နေကြာင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူးပြော


နယူးယောက်၊ မတ် ၂၃ 

ယူကရိန်းတွင် ရုရှား၏အထူးစစ်ဆင်ရေးလှုပ်ရှားမှုများကို ယခင်အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်နေကြာင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် မတ် ၂၂ ရက်တွင် လူသားချင်းစာတာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းများ ဆက်လက်ဖွင့်လှစ်ကာ ဒေသနေပြည်သူများအား ဘေးလွတ်ရာသို့ ဆက်လက်ရွှေ့ပြောင်းပေးနေကြောင်း သိရသည်။

“ အထူးစစ်ဆင်ရေးဟာ ရက်အနည်းငယ်အချိန်သာ လိုအပ်မယ်လို့ အရင်ကတည်းက ဘယ်သူမှမယူဆခဲ့ပါဘူး၊ ဒါဟာ လေးနက်တဲ့ လှုပ်ရှားမှု တစ်ရပ်ဖြစ်ပြီး လေးနက်တဲ့ ရည်မှန်းချက်ရှိပါတယ်၊ ရုရှားရဲ့ စစ်ဆင်ရေးဟာ ယူကရိန်းကို သိမ်းပိုက်ဖို့မဟုတ်ပါဘူး” ဟု ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က မတ် ၂၂ ရက် CNN နှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားသည်။

ရုရှားသမ္မတ ဗလာတီမာပူတင်သည် ယူကရိန်းအခြေအနေနှင့် ပတ်သက်၍ မတ်၂၂ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး လက်ရှိလုပ်ဆောင်နေသည့် ရုရှား-ယူကရိန်း ဆွေးနွေးမှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီးသည် မတ် ၂၂ ရက်တွင် အီတလီပါလီမန်သို့ ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားခဲ့ပြီး ယူကရိန်းတွင် ငြိမ်းချမ်းရေးအမြန်ဆုံးရရှိရန် ရုရှားအား ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ရန်နှင့် ဖိအားများပိုမိုပေးရန် တောင်းဆိုခဲ့သည်။  အီတလီဝန်ကြီးချုပ် Mario Draghi က ယူကရိန်းအရေးတွင် ဘေးလွတ်ရာသို့ ခိုလှုံသူများအား ထောက်ပံ့မှုများပံ့ပိုးသွားမည်ဟု ကတိပေးခဲ့ပြီး ဥရောပသမဂ္ဂသို့ ယူကရိန်းဝင်ရောက်ရန် အီတလီမှ ထောက်ခံကြောင်းလည်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံသမ္မတ အာဒိုဂန်သည် မတ် ၂၂ ရက်တွင် တူရကီသို့ အလည်အပတ်ရောက်ရှိနေသည့် နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် Mark Rutt နှင့် အန်ကာရာတွင် တွေ့ဆုံခဲ့သည်။  သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းမှုများသာ ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းနှင့် တူရကီသည် “စေတနာမှန်မှန်ကြိုးပမ်းမှု”ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တူရကီသည် ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း ညှိနှိုင်းသူအဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး နယ်သာလန်သည် တူရကီ၏ ကြားဝင်ညှိနှိုင်းပေးမှု အခန်းကဏ္ဍကို ထောက်ခံကြောင်း Rutt က ပြောကြားခဲ့သည်။

ရုရှားသည် မတ် ၂၂ ရက် ည ၁၀ နာရီမှစ၍ ကိဗ်၊ ချာနီဟစ်ဗ်၊ ဆူးမီနှင့် ခါကိဗ် စသည့်ဒေသများတွင် ရုရှားနှင့် ယူကရိန်းအခြားနေရာသို့ သွားရောက်နိုင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရုရှားအမျိုးသား ကာကွယ်ရေးကွပ်ကဲမှုဌာန အကြီးအကဲ Mikhail Mizantsevက မတ် ၂၂ ရက်က ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရုရှားက ယူကရိန်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ၄,၃၄၅ တန် ပေးပို့ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှု ၅၃၆ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း Mizantsev က ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး Kyrylo Tymoshenko က ယူကရိန်းသည် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းမှ ယူကရိန်းပြည်သူ ၂၁၁,၀၀၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ပြီး ၎င်းတို့အနက် ၃၂,၀၀၀ ခန့်သည် မရီဥပိုလ်သို့ သွားရောက်ခဲ့ကြောင်း မတ် ၂၂ ရက်တွင်ပြောကြားခဲ့သည်။ ယင်းနေ့တွင် အရပ်သား စုစုပေါင်း ၅,၉၂၆ ဦးသည် မရီဥပိုလ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ရုရှားသည် မတ် ၂၂ ရက်တွင် ပစ်မှတ်တိကျသော တာဝေးပစ်ဒုံးကျည်များဖြင့် ယူကရိန်း၏ စစ်ဘက်ဆိုင်ရာအဆောက်အအုံများကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၈၃ ခုနှင့် ဒရုန်း ၆ စင်း ကိုဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkov က ပြောကြားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။  ရုရှားအထူးစစ်ရေးလှုပ်ရှားမှု စတင်ပြီးနောက်ပိုင်း ရုရှားစစ်တပ်က ယူကရိန်းဒရုန်း ၂၃၆ စင်း၊ လေကြောင်းကာကွယ်ရေးစနစ် ၁၈၅ စုံ၊ တင့်ကားနှင့် အခြားသံချပ်ကာကား ၁၅၄၇ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၁၅၄ လက်၊ အမြောက်နှင့် စိန်ပြောင်း ၆၁၂ ခု၊ အထူးစစ်ယာဉ် ၁၃၄၃ စီး တို့ကို ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှားစစ်တပ်သည် မတ် ၂၂ ရက်တွင် ကိဗ်၊ Zhitomir၊၊ ခါကိဗ်၊ ချာနီဟစ်ဗ်နှင့် Donetsk ဒေသများရှိ စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဒုံးကျည်နှင့် ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ် စစ်ဦးစီချုပ်ရုံး၏ သတင်းဖော်ပြချက်အရ သိရသည်။ ရုရှားတပ်ဖွဲ့ဝင်များက မတ် ၂၁ ရက် ညပိုင်းတွင် Nikolayev ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့ရာ ဆိပ်ကမ်းအခြေခံအဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးသွားခဲ့ကြောင်း ယူကရိန်းပင်လယ်ဆိပ်ကမ်းကြီးကြပ်ရေးဌာနက မတ် ၂၂ ရက်တွင် လူမှုကွန်ယက်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)