ဆည်ရေသောက်ဧရိယာများ သီးနှံစိုက်စွမ်းအားပြည့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆည်ရေသောက်ဧရိယာများ သီးနှံစိုက်စွမ်းအားပြည့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်


MNP ၊ မတ် ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦးသည် ယမန်နေ့ ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိ ခပေါင်းဆည်ရေသောက်ရေ အသုံးချသူများ အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆည်ရေသောက်ဧရိယာများ သီးနှံစိုက်စွမ်းအားပြည့် စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်လိုအပ်ချက်ရှိနေပြီး တောင်သူအကျိုးအမြတ် ပိုမိုရရှိစေမည့်  သီးနှံအထွက်နှုန်း ရရှိစေရေးအတွက် မျိုးနှင့် နည်းပညာအပါအဝင် လိုအပ်ချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ရေအသုံးချသူများအဖွဲ့များ၏ လုပ်ငန်းတာဝန်များတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ မြေဆီလွှာကြံ့ခိုင်မှုထိန်းသိမ်းရေး အတွက် သစ်စိမ်းမြေဩဇာအသုံးပြုခြင်း၊ သီးနှံအလှည့်ကျ စိုက်ပျိုးခြင်းနှင့် တောင်သူများ ဝင်ငွေတိုးတက် ရရှိရေးအတွက် ရေဖူလုံစွာရရှိသည့် ဆည်ရေသောက် ဧရိယာများတွင် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရန် သက်တမ်းတို အရည်အသွေးမြင့်သီးနှံများ ရွေးချယ်စိုက်ပျိုးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက အနီးကပ် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ပဲခူးရိုးမအရှေ့ခြမ်း ဆည်အစုအဖွဲ့များဖြစ်သော ဆွာ၊ ခပေါင်း၊ ဖြူး၊ ရဲနွယ်၊ ဘိုင်းဒါး၊ ကောလိယ၊ ဘောနီ၊ ပျဉ်ပုံကြီးနှင့် ဝါးကတုတ် ရေလှောင်တမံများမှ ယင်းတို့၏ ဆည်ရေသောက်များကို ရေပေးဝေလျက်ရှိရာ ယနေ့အထိ စိုက်ပျိုးပြီး ဧရိယာ ဧက ၇၀၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါ ဆည်ရေသောက်ဧရိယာနှင့် ဆက်စပ်လျက်ရှိသည့် ပဲခူးမြစ်၏ လက်တက်များပေါ်ရှိ စလူ၊ ရွှေလောင်းနှင့် ကိုဒူကွဲရေလှောင်တမံများမှ ရေများကို ဇောင်းတူ ရေလွှဲဆည်မှတဆင့် ရေသောက်ဧရိယာ ဧက ၆၅၀၀ ကျော် အကျိုးပြုလျက်ရှိကြောင်း၊ ဆည်ရေများလေလွင့်မှု မရှိစေရေးနှင့် အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ပဲခူးရိုးမအရှေ့ခြမ်း ဆည်အစုအဖွဲ့များ၏ ရေသောက်စနစ်အတွင်း၌ ရေအသုံးချသူများအဖွဲ့ Water User Group (WUG)  ၅၉ ဖွဲ့ ကို ဖွဲ့စည်းထားရှိပြီးဖြစ်ကာ ဘိုင်းဒါးဆည်ရေသောက် ဧရိယာ၌ ရေအသုံးချသူများအသင်း Water User Association (WUA) အဖွဲ့ (၂) ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ရေအသုံးချသူများအဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြူးချောင်းဆည်ရေသောက်ဧရိယာအတွင်း၌ မိုးစပါး၊ ဒုတိယသီးနှံ ပဲမျိုးစုံနှင့် နွေစပါးတို့ဖြင့် သုံးသီးစိုက်ပျိုးသည့် ဧရိယာများပါဝင်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် သုံးသီးစိုက် ဧရိယာ (၁၇၈၆)ဧက အပါအဝင် နွေစပါး ဧက (၁၀၅၇၀) စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် သုံးသီးစိုက်ဧရိယာ (၃၈၉၇) ဧက အပါအဝင် ယနေ့အထိ ရေဝင်၊ မြေပြင်ပြီးစီးသည့် ဧရိယာ (၁၁၆၉၂) ဧက ဖြစ်ပြီးဖြစ်ကာ တောင်သူများအနေဖြင့် နွေသီးနှံများထပ်မံ တိုးတက်စိုက်ပျိုးလိုပါက ဧက (၂၃၃၀၀) အထိ လျာထားဧက အပြည့်အဝ ရေပေးဝေနိုင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက စီမံဆောင်ရွက် ထားရှိပြီးဖြစ်၍ ယမန်နှစ်ထက် စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး မျှော်မှန်းထားရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)