ကိုဗစ်-၁၉ (လုံးဝ) မထိုးရသေးသူများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး (၆)လကြာသူများ၊ နိုင်ငံ့ ဝန်ထမ်းများအား တတိယအကြိမ် Booster Dose အပိုဆောင်း ကာကွယ်ဆေး ထပ်မံထိုးနှံ ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ (လုံးဝ) မထိုးရသေးသူများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး (၆)လကြာသူများ၊ နိုင်ငံ့ ဝန်ထမ်းများအား တတိယအကြိမ် Booster Dose အပိုဆောင်း ကာကွယ်ဆေး ထပ်မံထိုးနှံ ပေးလျက်ရှိ

 


MNP - မတ်    ၁၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (လုံးဝ) မထိုးရသေးသူများနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး (၆)လပြည့်ပြီးသူများ၊ Covishield ထိုးနှံပြီးသည့် (၆)လ အထက်ရှိ နိုင်ငံဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရေးအတွက် ယမန်နေ့နံနက်(၉)နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် Booster Dose အပိုဆောင်း ကာကွယ်ဆေး ထိုးပေးခြင်းများကို စတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာနေရာသို့ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ခရိုင်အဆင့် ကော်မတီဝင်များ

၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်နှင့် ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များ၏ ပူးပေါင်းကူညီမှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါ ကာကွယ်ဆေးထိုးခြင်း (၁၁-၃-၂၀၂၂)ရက်နေ့မှ (၁၂-၃-၂၀၂၂)ရက်နေ့အထိ (၂)ရက်ကြာ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း - ဇင်မာထွန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)