ကရသူရိမြို့တွင် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) ထပ်ဆောင်း (Booster Dose) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရသူရိမြို့တွင် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) ထပ်ဆောင်း (Booster Dose) ထိုးနှံပေး





MNP - မတ်    ၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင် ခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) ထပ်ဆောင်း (Booster Dose) ထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်ဦးစီး၍ တိုက်နယ်တာဝန်ခံ ဆရာဝန် ဒေါက်တာ ကျော်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းတို့က ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ အသက် (၅၀) အောက်နိုင်ငံ့ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးခြင်းဖြစ်ရာ စုစုပေါင်းဌာနဆိုင်ရာ ဝန်ထမ်း (၂၀) ဦးကို ထိုးနှံပေးခဲ့ပြီး အဆိုပါ ထိုးနှံ ပြီးစီးသူများကို ထို့နှံပြီးစီးကြောင်း (ဆေးလက်မှတ်) မှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ကရသူရိ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)