ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေး


MNP - မတ်    ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် (Omicron) ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားပြီးသော ဌာနဆိုင်ရာဝန်ထမ်းများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာကလေးရပ် ဦးအောင်မြတ်ကျော် ဘုရားဝန်း ပြည်လုံးချမ်းသာခန်းမ၌ ထိုးနှံပေးလျက်ရှိသည။

ယင်းသို့ (Booster Dose) ထပ်ဆောင်းထိုးနှံခြင်းတွင် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို အမည်စာရင်းကောက်ယူ စာရင်းသွင်းခြင်း၊ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆေးမထိုးနှံမီ ဆောင်ရွက်ရမည့် လုပ်ငန်းများ ဆောင်ရွက်ကြပြီး၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေး၍ ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး (Booster Dose) ထပ်ဆောင်းဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဆေးထိုးစုရပ်များတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟင်္သာတမြို့နာ်တွင် အသက် ၁၈ နှစ်အထက် လူဦးရေ (၂၅၈၅၅၂)ဦးရှိပြီး ကာကွယ်ဆေးထိုးပြီးသူ (၁၆၈၁၇၄)ဦးရှိပြီဖြစ်ရာ ကျန်ရှိသူများကိုလည်း ဆေးထိုးစုရပ်များအပြင် ရပ်ကွက် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းထိုးနှံပေးနေကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

သတင်း - ကိုဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)